အခြေခံ ပညာအဆင့် အာကာသ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသ နည်းပညာဆိုင်ရာ ပြခန်းများ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

အခြေခံပညာအဆင့် အာကာသ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာပြခန်းများ ဖွင့်ပွဲအခမ်းအနားအား ယနေ့(နိုဝင်ဘာ ၁၀ ရက်) နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန( ၁)တွင် ကျင်းပသည့် အခြေခံ ပညာအဆင့် အာကာသ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာပြခန်းများ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစော၊ ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အခြေခံ ပညာအဆင့် အာကာသ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာပြခန်းများ ဖွင့်ပွဲအခမ်းအနား အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ယခင်ပြိုင်ပွဲ၌ ဆုရရှိခဲ့သည့် ပန်းချီကားများအား Walkway Gallery တွင် ခင်းကျင်းပြသထားမှုကို ကြည့်ရှုခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တာဝန်ရှိသူများသည် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဝင်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *